တာချီလိတ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP ၊ မတ်  ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၃ ရက်နေ့မှ စတင်သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီ ၃၀ က တာချီလိတ် မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် သင်တန်းသားများမှ ကွင်းအတွင်းနေရာယူကာ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်အချိန်ကို တန်ဖိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ်တ္တဗလ၊ ဘောဂဗလဟူသော ဗလငါးတန်ပြည့်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စစ်ဗျူဟာအခြေချ (တာချီလိတ်)မှ ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းနည်းပြများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် အားကစားဝါသနာရှင် မိဘပြည်သူများက အားကစားထောက်ပံ့အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို မတ်လ ၃ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ကရာတေးဒို၊ စနူကာ၊ မြန်မာ့သိုင်း စသည့် အားကစားနည်း (၇)မျိုးဖြင့် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ  သင်တန်းသား/ သင်တန်းသူဦးရေစုစုပေါင်း ၂၂၀ ဦး လာရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဦးသန်းလှိုင်ထံမှ သိရသည်။


ကျော်ဇေယျာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment