MNP ၊ မတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ယနေ့မွန်းလွဲပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပါဠိဂုဏ်ထူးပါစိတျာဒိပါဠိအဋ္ဌကထာ(၁)၊ သုတ်မဟာဝါသုတ် ပါထိကပါဠိအဋ္ဌကထာ(၁)၊ ဝိဘင်္ဂါဒီပါဠိအဋ္ဌကထာ(၁)ဘာသာရပ်များတွင် စာရင်းသွင်းသံဃာတော်များနှင့် သီလရှင်(၂၇၈)ပါးရှိပြီး ဖြေဆိုသူ(၂၄၀)ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။ စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဩဝါဒစရိယဆရာတော်ကြီး ၄ ပါး၊ အထုးကြီးကြပ်ရေး ဆရာတော်(၉)ပါး၊ ကြီးကြပ်ရေးဆရာတော်(၁၂)ပါး၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost

No comments:
Post a Comment