Pages

Pages

မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို


MNP ၊ မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ယနေ့မွန်းလွဲပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


ပျဉ်းမနားမြို့နယ် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပါဠိဂုဏ်ထူးပါစိတျာဒိပါဠိအဋ္ဌကထာ(၁)၊ သုတ်မဟာဝါသုတ် ပါထိကပါဠိအဋ္ဌကထာ(၁)၊ ဝိဘင်္ဂါဒီပါဠိအဋ္ဌကထာ(၁)ဘာသာရပ်များတွင်  စာရင်းသွင်းသံဃာ​တော်များနှင့် သီလရှင်(၂၇၈)ပါးရှိပြီး ဖြေဆိုသူ(၂၄၀)ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။ စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဩဝါဒစရိယဆရာတော်ကြီး ၄ ပါး၊ အထုးကြီးကြပ်ရေး ဆရာတော်(၉)ပါး၊ ကြီးကြပ်ရေးဆရာတော်(၁၂)ပါး၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost








No comments:

Post a Comment