Pages

Pages

ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲ ဆက်လက်ပြသ





MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အခြေခံပညာမူလတန်းအဆင့်(သင်ရိုးသစ်)ဘာသာရပ်စွမ်းရည် မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းရှိ စန္ဒကူးခန်းမတွင် ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် သင်တန်းဒုတိယနေ့အဖြစ် ဆက်လက်ပို့ချသည်။ 


အဆိုပါ အခြေခံပညာမူလတန်းအဆင့်(သင်ရိုးသစ်)ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲကို  သင်တန်းနည်းပြဆရာ(၃၁)ဦးတို့က ကျောက်ဖြူမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်း များမှ မူလတန်းပြ၊ ဒုမူလတန်းပြ၊ လက်ထောက်မူလတန်းပြနှင့် မူအုပ်ဆရာ၊ဆရာမ (၉၆၀) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး စသည့်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ  မတ်လ ၂၈ ရက်နေ့မှ  ၃၁ ရက်နေ့အထိ (၄)ရက်ကြာ ပို့ချပြသပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

 

တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment