Pages

Pages

တန့်ယန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို



MNP ၊ မတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-ခု အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ပါဠိပထမပြန်စာမေးပွဲကျင်းပရေးဦးစီးကော်မတီမှ ကြီးကြပ်၍ ယနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီထိ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပဖြေဆိုကြသည်။


အဆိုပါ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့တွင် ကစ္စည်းသဒ္ဒါဘာသာအား မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း များမှ ရဟန်း (၁)ပါး၊ သာမဏေ (၁၄)ပါး၊ သီလရှင် (၅၅)ပါး စုစုပေါင်း (၇၀)ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရေးဦးစီးကော်မတီမှ ဆရာတော်ကြီးများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။


မင်းလွင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment