မက်မန်းမြို့၌ အသစ်တိုးချဲ့ထားသည့် မြို့တွင်းရေပိုက်လိုင်းများ ရေပေးဝေရေးအတွက် ရေပိုက်လမ်းကြောင်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မက်မန်းမြို့၌ အသစ်တိုးချဲ့ထားသည့် မြို့တွင်းရေပိုက်လိုင်းများ ရေပေးဝေရေးအတွက် ရေပိုက်လမ်းကြောင်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး


MNP   -   မတ် ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ပေါ် ရပ်ကွက်များတွင် အသစ်တိုးချဲ့ထားသည့် မြို့တွင်းရေပိုက်လမ်းကြောင်းများအား ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၄ ရက်နေ့ထိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။


ထိုသို့စစ်ဆေးရာတွင် “ လွယ်ဟိုလာ (ရေထွက်)ကလာတဲ့ ရေပိုက်လိုင်းတွေ ကောင်းမွန်မှုရှိ/ အဘယ ဘုရားကုန်းတော် (ရေစုကန်)မှာ ရေရောက်/ မရောက် အမြဲတမ်း စစ်ဆေးပါကြောင်း၊ အခုက မက်မန်းမှာ လူဦးရေတိုးလာတာဆိုတော့ ရေပိုက်လိုင်း အသစ်တွေ တိုးချဲ့ရမှာဖြစ်တဲ့အတွက် တိုးချဲ့ ရေပိုက်လိုင်းတွေ ရေစီးရေလာကောင်းမွန်မှုရှိအောင်လို့ ယခုလို မြေပြင်ကြိုတင်ကွင်းဆင်း စစ်ဆေးရတာဖြစ်ကြောင်း” မက်မန်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေယံထွန်းက ပြောကြားသည်။


မက်မန်းမြို့သို့ပေးဝေနေသည့် (လွယ်ဟိုလာ)ရေထွက်မှ အဘယဘုရား ကုန်းတော် ( ရေစုကန်) အထိ ရေပိုက်လိုင်းများအား ရေရရှိမှုနှင့် ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ရေစုကန်မှ ကွန်းဟောင်းကျေးရွာအထိ တိုးချဲ့ရေပိုက်လိုင်းများအား ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။


အေးဝင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)