မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများ စလင်းမြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင်းကြက်သွန်(နေကြာ) သီးညှပ်စံပြစိုက်ခင်း၊ နွေနေကြာ သုသေသနစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများ စလင်းမြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင်းကြက်သွန်(နေကြာ) သီးညှပ်စံပြစိုက်ခင်း၊ နွေနေကြာ သုသေသနစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ မတ်  ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ရှိ ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ဆောင်းကြက်သွန် (နေကြာ) သီးညှပ်စံပြ စိုက်ခင်း၊ နွေနေကြာသု​သေသန စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုတို့အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာဌာနဆိုင်ရာများက ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


စလင်းမြို့နယ် သရက်ချဥ်ကျေးရွာအုပ်စု ဒေသခံတောင်သူ ဦးမောင်မောင်လွင် စိုက်ပျိုးထားရှိသည့် နွေနေကြာသုသေသနစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု၊ ရွှေဇီးကွက်ဆန်စက် လည်ပတ်နေမှု၊ ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာဖြေဆိုနေမှု ၊ ဆင်ဖြူကျွန်းချောင်းအတွင်း ဆောင်းကြက်သွန် (နေကြာ) သီးညှပ်စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကာ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများမှ မိမိတို့၏အခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဆောင်းကြက်သွန် (နေကြာ) သီးညှပ် စိုက်ခင်းအား ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့ ပြီးနောက် ဆင်ဖြူကျွန်း ပြည်သူ့ဆေးရုံသို့သွားရောက်၍ တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာများအား ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဆေးကုသမှုခံယူနေသူများမှ ဆရာ၊ ဆရာမများ၏ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများဖြင့် များစွာသက်သာပျောက်ကင်းကြောင်းဖြေကြားခဲ့သည်။ ဆက်လက်၍ ဆင်ဖြူကျွန်း ပြည်သူ့ဆေးရုံအတွက် အလှူငွေကျပ် (၁၀) သိန်းအား မကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်မှ ဆေးရုံအတွက် လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် လှူဒါန်းသွားခဲ့သည်။ ထိုမှတစ်ဖန် ဆင်ဖြူကျွန်းမြို့ ဘိုးဘွားရိပ်သာသို့သွားရောက်ရောက်၍ သက်ကြီးဘိုးဘွားများအား တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ အလှူငွေပေးအပ်ခဲ့ပြီး စလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ရှိဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ  လိုအပ်သည်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)