MNP ၊ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ သာသာနာ့ဗိမာန်တော်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃-ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်အနားအား ညောင်ပင်သာ ကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဿုတ ပါ ဆရာတော် သံဃာတော်(၃၉)ပါးတို့မှ သာသနာ့ဗိမာန်တော်သို့ကြွရောက်လာခဲ့ပြီး နမောတဿ (၃) ကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ကြပြီး ညောင်ပင်သာကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်မှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ရွှေဟင်္သာတောရပါဋိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာစိစ္စာဘိဝံသ အရှင်သူမြတ်မှ သမ္မောဒနီယကထာ မြွက်ကြားချီးမြှင့်တော်မူခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွက်ပွားချီးမြင့်ခြင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၁၉)ပါး၊ အထူးအောင်(၄)ပါး၊ ပင့်သံဃာ တော်(၁၃)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ကြီးများ(၃)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေဟင်္သာတောရပါဋိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အာစိစ္စာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွက်ဆိုဆုတောင်း၍ အခမ်းအနားပြီးဆုံးခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့်ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့်ဇနီး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းနှင့်ဇနီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်ဇနီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်ဇနီး၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဆင်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့်ဒေါ်ကြည်ကြည်ထွန်းတို့ဦးဆောင်၍ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost










No comments:
Post a Comment