MNP ၊ မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သီတဂူကေတုမတီဗုဒ္ဓ တက္ကသိုလ်သို့ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအတွက် နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်များအား တိုင်းမှူးနှင့် အဖွဲ့ဝင် များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost

No comments:
Post a Comment