သာစည်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ


MNP ၊ မတ်  ၁၆

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ကျောင်းသား/သူများ  နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များ၌ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနကကြီးကြပ်ပြီးနွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ်လဒုတိယပတ်က ဘောလုံး၊ ဘော်လီဘောနှင့် မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


နွေရာသီအားကစားသင်တန်းများကို ကရာတေး၊  မြန်မာ့သိုင်း၊  မြန်မာ့ရိုးရာခြင်းလုံးကစားနည်း၊ ဘော်လီဘော၊  ဘောလုံးနှင့် Fitness Dance အားကစားနည်း ၆ မျိုး  ဖွင့်လှစ်သွားမည်ဖြစ်ရာ ကရာတေးသင်တန်းကို မတ် ၁ ရက်က စတင်ဖွင့်လှစ်ပေးပြီး ကျန်ရှိနေသော မြန်မာ့သိုင်းနှင့် Fitness Dance သင်တန်းများကိုဖွင့်လှစ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူးဦးဟိန်းဇာထွန်းထံက သိရသည်။


အဆိုပါ ဖွင့်လှစ်ပြီးသော သင်တန်းများကို ကျွမ်းကျင်နည်းပြများက အခြေခံမှစတင်၍ သတ်မှတ်နေရာများတွင် သင်ကြားပေးလျက်ရှိပြီး   တက်ရောက်လိုသူများ အနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)