မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေး အတွက် အလှူငွေများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေး အတွက် အလှူငွေများ ပေးအပ်လှူဒါန်း


MNP ၊ မတ် ၁၅

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြု နိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့ညနေ့ပိုင်း တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်နှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

အလှူရှင်ဖြစ်သော ကောင်းကင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးရဲရင့်အောင် နှင့် မိသားစုက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ၌ မုခ်ဦး (အကြီး)တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၂၈၆၅ သိန်းနှင့် မုခ်ဦး(အသေး) တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၁၂၂၀ သိန်းတို့အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment