MNP ၊ မတ် ၃၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ရခိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် သမိုင်းသုတစကားဝိုင်းကို ယမန်နေ ညနေ ၇ နာရီက ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း ရုံးရှေ့တွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာ ခိုင်မောင်ကွန်းက ရခိုင်သမိုင်းသုတဖြင့် စကားဝိုင်းကိုပြုလုပ်ပြီး ဆရာမောင်ဖြူ (ကြွီတဲကျွန်း)က ရခိုင်ဝေသာလီခေတ် အနောက်ဘုရင်ဒင်္ဂါးများကို မုဆိုးခြေရာကောက်ယူနည်းဖြင့် ရှာဖွေခြင်း စာတမ်းအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်စာရေးဆရာများနှင့် စာပေဝါသနာရှင်များက အဆိုပါစာတမ်းနှင့်သက်ဆိုင်သော အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ ဆရာမောင်ဖြူ (ကြွီတဲကျွန်း)က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ စာရေးဆရာများ စာပေဝါသနာရှင်များ ဒေသခံပြည်သူများ စုစုပေါင်း ၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment