တန့်ဆည်မြို့နယ် ကျွန်းလည်ကျေးရွာနှင့် ကန့်ဘလူမြို့နယ် မိုးကောင်းကျေးရွာကြားရှိ ပြည်ငြိမ်းချမ်းသာ တံတားကြီးအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ် ကျွန်းလည်ကျေးရွာနှင့် ကန့်ဘလူမြို့နယ် မိုးကောင်းကျေးရွာကြားရှိ ပြည်ငြိမ်းချမ်းသာ တံတားကြီးအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တက်ရောက်ဖွင့်လှစ်













MNP ၊ မတ် ၃၁

တန့်ဆည်မြို့နယ် ကျွန်းလည်ကျေးရွာနှင့် ကန့်ဘလူမြို့နယ် မိုးကောင်းကျေးရွာကြားရှိ ပြည်ငြိမ်းချမ်းသာ တံတားကြီးအား (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်ငြိမ်းချမ်းတံတားကြီး တည်ဆောက်ခဲ့မှုနှင့် ပတ်သက်၍ ဆရာတော်ဦးဝါသဝ က "ဒီတံတားကြီးက မိုးတွင်းကာလတုန်းက ရေတိုက်စားပြီး ပါသွားခဲ့တယ်။ ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲနေတဲ့အတွက်ကြောင့် ဝန်ကြီးချုပ်ကိုရော၊ တိုင်းမှူးထံကိုရော တင်ပြပြီး ဒေသခံတွေ စုပေါင်းအင်အားနဲ့ ဆောက်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန် ပံ့ပိုးမှု၊ တိုင်းမှူးရဲ့ လမ်းညွှန်မှုနဲ့ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဖွင့်လှစ်ဖို့ရာတော့ ဝန်ကြီးချုပ်နဲ့ တိုင်းမှူးတို့ အချိန်ပေးနိုင်မယ့် ရက်အထိ စောင့်ခဲ့ရလို့ပါ။ ဒီကနေ့တော့ အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါပြီ။ ဒေသခံတွေလည်း သွားလာရေး လွယ်ကူအဆင်ပြေသွားတဲ့အတွက်ကြောင့် အများကြီး ဝမ်းသာရပါတယ်။" ဟု မိန့်ကြားသည်။

ယနေ့ တံတားဖွင့်ပွဲသို့ ရောက်ရှိလာခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် တို့အား ဒေသခံ ပြည်သူ (၁၀၀၀၀)ကျော်က သောင်းသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တီးဝိုင်းဖြင့် ဖျော်ဖြေဧည့်ခံခဲ့ရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဒေသခံပြည်သူများအား ရင်းရင်းတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)