ပေါက်တောမြို့၌ နေ့စဉ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ နေ့စဉ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်




MNP ၊ မတ် ၃၁

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပေါက်တောမြို့နယ် မိသားစုစည်းရုံးရေး နှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ ၁၄-၂-၂၀၂၃ ရက်စွဲပါ မြဝတီသတင်းစာတွင်ဖော်ပြပါရှိသည့် နေ့စဉ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဆွေးနွေးကြကြောင်း သိရသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် မိသားစုစည်းရုံးရေး နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မသန်းစော ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန် က ၁၄-၂-၂၀၂၃ ရက်စွဲပါ မြဝတီသတင်းစာတွင်ဖော်ပြပါရှိသည့် နေ့စဉ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဖတ်ကြားသည်။ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များက သိလိုရှိသည့် အကြောင်းအရာများကို မေးမြန်းကြား အပြန်အလှန်ဆွေးနွေးကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ် မိသားစုစည်းရုံးရေး နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မသန်းစော ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)