MNP ၊ မတ် ၃၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် နွေရာသီအခြေခံပန်း ချီရေးဆွဲနည်းသင်တန်းဆင်းပွဲကို ယနေ့နေ့လယ်အချိန်က ကျင်းပခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီ ရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန်ရည်ရွယ်၍ မတ်လ(၁၆)ရက်နေ့မှစတင် ဖွင့်လှစ် ပို့ချပေးလျက်ရှိသည်။
အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲတွင် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက နွေရာသီကာလတွင်အချိန်ကို အကျိုးရှိစွာအသုံးချ၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်တွင် လေ့လာသင်ယူခဲ့ကြသည့်လူငယ်များအနေဖြင့်အသိပညာအတတ် ပညာများကို စဉ်ဆက်မပြတ်လေ့သင်ယူ၊ တတ်မြောက်ထားသည့် ပညာရပ်များကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ အားလတ်ချိန်များတွင် ပြည် သူစာကြည့် တိုက်သို့ လာရောက်ပြီး စာပေဗဟုသုတများကို လေ့ လာဖတ်ရှုနိုင်ကြောင်းဆွေး နွေးပြောကြားခဲ့သည်။
ထို့နောက် ပန်းချီဆရာ ဦးဖြိုးဝေဇင်က ကျောင်းသား/သူများအား ပန်းချီပညာနှင့် ပတ်သက်၍ အခြေခံနည်းစနစ်များကို သင်ကြားပေးခဲ့ကြောင်း ယခုပန်းချီသင်တန်းတွင် ပန်းချီရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ ဆတိုး/ဆခွဲနည်း၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အရာဝတ္ထုများရေး ဆွဲနည်း စသည့်ဖြင့်ပန်းချီရေးဆွဲနည်းများကို လွယ်ကူသည့်နည်းများဖြင့် မတ် ၁၆ ရက်နေ့မှ ၃၁ရက်နေ့အထိ စာတွေ့/လက် တွေ့နည်းများဖြင့် ဖွင့်လှစ်သင် ကြားပေးခဲ့မျှအားလက်တွေ့ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပေးကာဆုရသူ (၅)ဦးအားဆေးရောင်ချယ်ခဲတံနှင့်စာအုပ်များပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment