Pages

Pages

အမ်းမြို့နယ်မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ ကျင်းပ







MNP ၊ မတ်  ၂၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်မူလတန်းကြိုကျောင်းမှ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူကြို ကလေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်း အနားကို ယနေ့နံနက် (၁၀:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှောင်က အဖွင့်အမှာစကားပြောကြားပြီး 

မူလတန်းကြိုကျောင်းမှ သားငယ်၊သမီးငယ်လေးများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး ရေးရာနှင့်မိခင်လေးစောင့်ရှောက်ရေးအ သင်း ဥက္ကဌနှင့် အဖွဲ့ဝင်များက ကျောင်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။


အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် သားငယ်၊ သမီးငယ်လေးများက ပြည်ထောင်စုအင် အား၊ ပိတောက်တစ်ခက်၊ သျောင်ပေစုး၊ ရွှေသုန္ဒရီ၊ သူသူသူတေးသီချင်း ပဒေ သာကပွဲများဖြင့် ကပြဖော်ဖြေဧည့်ခံခဲ့ကြ

ကြောင်းသိရသည်။ 


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment