Pages

Pages

နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေး


MNP ၊ မတ်  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ သွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က သွားရောက် ငှားရမ်းပေး ခဲ့ကြောင်း သိရသည်။


ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင်  အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့မှ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအတွက် Mobile Library စနစ်ဖြင့် သွားရောက် ငှားရမ်းပေးခဲ့ကြောင်းနှင့် ယနေ့ ငှားရမ်းပေးသော စာအုပ်များအား နောက်အပတ် တနင်္လာနေ့တွင် ပြန်လည်သိမ်းဆည်းကာ အသစ်ထပ်မံ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ် ရုံးအနေဖြင့် ဌာနဆိုင်ရာအသီးသီးမှ စာပေချစ်မြတ်နိုးသူ ဝန်ထမ်းများနှင့် ရပ်ကွက်များအတွင်းရှိ စာဖတ်ပရိသတ်ပြည်သူများ စာပေနှင့်အဆက် မပြတ်စေရန်၊ အဆင်ပြေစွာ စာပေဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်ရှိရာ ပြည်သူများ လက်ဝယ်အရောက် အပတ်စဉ်တိုင်း သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment