ဘိုကလေးမြို့နယ်၏ သောက်သုံးရေကန် မဟာသီလဝံကန်တော်ကြီး သန့်ရှင်းမှုအတွက် ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ်၏ သောက်သုံးရေကန် မဟာသီလဝံကန်တော်ကြီး သန့်ရှင်းမှုအတွက် ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်


MNP ၊ မတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက သောက်ရေကန်အဖြစ် မြို့နေလူထုမှ အားကိုးအားထားပြုလာခဲ့သည့် ကန်ဘောင်ပတ်လည် ပေ(၄၂၀၀)ကျော်တည်ရှိသော ဘိုကလေးမြို့၏ပြယုဂ် မဟာသီလဝံ ကန်တော်ကြီးသည် ပြောင်းလဲလာသည့် ရာသီဉတုနှင့် ဝိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် သောက်ရေကန်ကြီးအတွင်း အမှိုက်သရိုက်များတည်ရှိနေခြင်း၊ ကန်ဘောင်ပတ်လည်တွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေမှုများ ရှိနေသည့်အတွက် မြို့နေလူထုအတွက် သောက်သုံးရေ သန့်ရှင်းစွာ သောက်သုံးနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပေသည်။


ယခုအခါ အဆိုပါ မဟာသီဝံကန်တော်ကြီးပေါ်တွင် နွား၊ ဆိတ်ကဲ့သို့သော တိရစ္ဆာန်များ ဆင်ခြင်မဲ့စွာ လွှတ်ကျောင်းနေသဖြင့် တိရစ္ဆာန်များ၏ စွန့်ပစ်အညစ်အကြေးများ ကန်အတွင်းသို့ ကျရောက်ခြင်း၊ ကန်ပတ်ဝန်းကျင်မှ နေထိုင်သူများသည် ကန်အတွင်းမှ ရေကိုခပ်၍ ကန်ဘောင်အပေါ်၌ပင် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်းတို့ ပြုလုပ်နေကြောင်း ကန်သန့်ရှင်းစွာ တည်ရှိရေး လိုလားသူများ၏ ပြောကြားချက်အရ သိရသည်။


ထို့ကြောင့် မိမိတို့မြို့၏ သောက်သုံးရေကန်အဖြစ် အားကိုးအားထား ပြုရသော မဟာသီလဝံ ကန်တော်ကြီးအား အစဉ်အမြဲ သန့်ရှင်းစေရန် ကန်ကိုအားကိုးအားထားပြုနေကြသူများ အားလုံး၌ တာဝန်ရှိပြီး မိမိတို့၏ စိတ်စေတနာ အရင်းခံ၍ ကန်သန့်ရှင်းသာယာရေးကို ပျက်ပြားစေမည့် အပြုအမူများမပြုလုပ်ဘဲ အားလုံးဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်လှကြောင်းနှင့် လစဉ်သို့မဟုတ် သတ်မှတ်ရက်များအလိုက် စုပေါင်းသန့်ရှင်းရေး ကဲ့သို့သော ဝိုင်းဝန်းထိန်းသိမ်းမှုများ ပြုလုပ်ရန် အမှန်အပင် လိုအပ်လှပေသည်။


မိုးစက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)