ခရမ်းမြို့နယ်၊ Community Centre ခန်းမ၌ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရမ်းမြို့နယ်၊ Community Centre ခန်းမ၌ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေး Talk Show ကျင်းပ


MNP ၊ မတ်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက စာပေဖတ်ရှုရခြင်းနှင့်ပတ်သက်၍ ရရှိစေမည့်အသိ၊ အတတ်ပညာများအကြောင်းနှင့် ရရှိစေမည့်အကျိုးကျေးဇူများကိုလည်းကောင်း (ခရမ်းမြို့နယ်လက်‌ထောက်ပညာရေးမှူး(ငြိမ်း) စာရေးဆရာပညာရေးမြင့်‌ဆွေက လူဘဝ၏အရွယ်သုံးပါးတွင် ဖတ်ရှုလေ့လာရမည့် အသက်အရွယ်နှင့်စာပေအမျိုးအစားအဆင့်ဆင့်နှင့် ဖတ်ရှု့လေ့လာသင့်သည့် စာကောင်းစာမွန်များ၊ အသက်အရွယ်အလိုက်ပြောင်းလည်းဖတ်ရှုရမည့် သုတ၊ ရသစာပေများအား ခွဲခြမ်းစိတ်ဖြာ၍ဆွေးနွေးပြီး စာဖတ်ခြင်းကြောင့် ရရှိခံစားရမည့် အကျိုးကျေးဇူးတရားများကို ရှင်းလင်း‌ဆွေးနွေးပြောကြားခဲ့သည်။


ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)