၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ


MNP ၊ မတ်  ၂၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ သင်ရိုးသစ်အကောင်အထည်ဖော်ရေး အစီအစဉ်အရ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (ခရိုင်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။


အဆိုပါ (ခရိုင်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစောသိန်းဝင်းက ထပ်ဆင့်အမှာစကား ပြောကြားသည်။ ၎င်းဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်တွင် ဆရာ/ဆရာမ (၂၇၈)ဦးနှင့် အလယ်တန်းအဆင့်တွင် (၄၉၆)ဦး စုစုပေါင်း ဆရာ/ဆရာမ (၆၇၄)ဦး တက်ရောက်ပြီး အထက်တန်းအဆင့် နည်းပြ(၉)ဦး၊ အလယ်တန်းအဆင့်နည်းပြ(၁၇)ဦး၊ စုစုပေါင်း (၂၆)ဦးဖြင့် ဆွေးနွေးကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအား မတ်လ(၂၁)ရက်နေ့မှ (၂၄) ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးမင်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)