MNP ၊ မတ် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ကျိန္တလီမြို့ လမ်းဆုံ၌ ဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဉာဏ်လင်းနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဦးဗိုလ်ဗိုလ်ကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ကျိန္တလီနယ်မြေမီးသတ်စခန်းမှ တာဝန်ခံ ဦးခင်မောင်ညိုနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ဆိုင်ကယ်မောင်းနှင် လာသူများအား ဆိုင်ကယ်များကို လိုင်စင်မလုပ်ရသေးပါက သံတွဲမြို့သို့ သွားရောက်၍ ပြုလုပ်ကြရန်၊ လိုင်စင်သက်တမ်းကုန်ပါက သက်တမ်းတိုးရန်၊ ယာဉ်မောင်း လိုင်စင်များကိုလည်း ပြုလုပ်ကြရန်၊ မည်သူမဆို ဆိုင်ကယ်စီးမည်ဆိုပါက မှတ်ပုံတင်၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်နှင့် ဆိုင်ကယ်စီးဦးထုပ်ကိုလည်း ဆောင်းထားကြရန် ပညာပေး ပြောကြားခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းကို တစ်ပတ်တိတိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment