MNP ၊ မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၁၇၄ ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့အထိ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး
https://t.me/MyanmarNationalPost


No comments:
Post a Comment