အခြေခံပညာ အထက်တန်းဆင့်/ အလယ်တန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာ အထက်တန်းဆင့်/ အလယ်တန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အခြေခံပညာ အထက်တန်းဆင့်/ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပသည်။


ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေမှ ဆွေးနွေးပွဲ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ဖြစ်သည့် ဆရာ/ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။


အဆိုပါဆွေးနွေးပွဲဖွင့်ပွဲအား အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများ၊ အလယ်တန်းအဆင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၄)ရက်တာကာလဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)