လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့



MNP ၊ မတ်  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံး တာဝန်ရှိသူများနှင့် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ချင်းကုန်းကျေးရွာ အုပ်စု၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာ များတွင် မတ်လ ၁၃ ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စု(၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀၀ ကျပ်၊ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာဖိုး ၅၀၄၀၀ ကျပ် စုစုပေါင်းပေါင်းထောက်ပံ့ငွေ ၁၀၅၀၄၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါဝင်သော ပစ္စည်း(၇)စုံတို့အား လေပြင်းဘေးသင့်အိမ်ထောင်စု များ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပျက်စီးသွားသော နေအိမ်များအား သွားရောက်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြပြီး ဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။


လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ငဝန်မြစ်ကမ်းဘေးတွင် ရှိသောကြာင့် နှစ်စဉ်သဘာဝဘေး အန္တရာယ်များ ကျရောက်လျက်ရှိပြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးများကို ထောက်ပံ့ပေး အပ်လျက်ရှိသည်။


ကျော်ဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment