MNP ၊ မတ် ၂၈
မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲအခမ်းအနားကို မတ် ၂၈ ရက် နံနက် ၈ နာရီ တွင်အမှတ်(၁) အခြေခံ ပညာ အထက်တန်း ကျောင်းရာပြည့်ခန်းမ၌ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲနိုင်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာ ရေးမှူး ဦးမောင်ညို ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုပြောကြား၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးမိုးအေး ကသင်တန်းတွင် ဆွေးနွေးသင်ကြား သွားမည့်အချက်အလက်အားရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျိုက်ထိုမြို့နယ်မှ မူလတန်းအဆင့် ဆရာ၊ဆရာမ (၅၅၇)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၂၀)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက်(၄) ရက် ကြာသင်ကြားဆွေးနွေးသွားမည်ဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment