ကော့သောင်းမြို့တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်




MNP   -    မတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ‌‌ ကော့သောင်းမြို့တွင် ၂၀၂၃ နွေရာသီအားကစားသင်တန်းများကို အားကစားကွင်း/ရုံများတွင် ဖေဖော်ဝါရီ၂၆ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ(၁)လတာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါအားကစားသင်တန်းများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးငှာနမှ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့၊ ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ အေရိုးဗစ်၊ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်၊ ဘောလုံး၊ ပြေးခုန်ပစ်၊ ဘော်လီဘော စသည့်အားကစားများကို သင်တန်းနည်းပြများမှ အချိန်ဇယားအလိုက် သင်ကြားပေးလျက်ရှိသည်။


ထိုကဲ့သို့ ဖွင့်လှစ်လျက်ရှိသောအားကစားသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်များတွင် အားကစားကိုစိတ်ပါဝင်စားကြသော ကျောင်းသား၊ကျောင်းသူ၊ လူငယ်၊ လူရွယ်များနှင့်အားကစားဝါသနာရှင်များ တက်ရောက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)