ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင် စာ‌မေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများသွား‌ရောက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင် စာ‌မေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများသွား‌ရောက်ဆောင်ရွက်




MNP ၊ မတ်  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ တက္ကသိုလ်ဝင် စာ‌မေးပွဲကို နယ်မှလာရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ယမန်နေ့က ကျန်းမာရေး စောင့်ရှောက်မှုများ သွား‌ရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဘုတ်ပြင်းမြို့နယ်တွင်  အ-ထ-က၊ ဘုတ်ပြင်း စာစစ်ဌာန (၁) ခုသာထားရှိရာ နယ်ကျောင်းများ ဖြစ်သည့် အ-ထ-က ကျောင်းများနှင့် အ-ထ-က-ခွဲ ကျောင်း (၆) ကျောင်းမှကျောင်းသား၊ကျောင်းသူ (၇၀) ဦးခန့်လာ‌ ရောက်ဖြေဆိုကြကြောင်း သိရသည်။


အဆိုပါ ကျောင်းသားကျောင်းသူများ တည်းခိုနေထိုင်သည့် စုရပ်နေရာများသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနှင့် မြို့နယ်လူမှုရေးအသင်းအဖွဲ့တို့က သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး အဟာရအထောက်အကူအဖြင့် ပဲနို့နှင့်မုန့်များထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)