မင်းဘူး(စကု)မြို့နယ် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျှင်း၍ အသိပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျှင်း၍ အသိပညာပေးဆွေးနွေး





MNP ၊ မတ်  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အသင်းအဖွဲ့ များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျှင်း၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် မင်းဘူး(စကု)မြို့နယ် မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ၂၀၂၂ ခုနှစ် ဥပဒေပြဌာန်းရခြင်းအကြောင်း၊ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ အသင်းအဖွဲ့၏ အဓိပ္ပာယ်၊ မှတ်ပုံတင် လျှောက်ထားရမည့် အသင်းအဖွဲ့များ၊ မှတ်ပုံတင်ခွင့်မရှိသော အသင်းအဖွဲ့များ၊ ဆောင်ရွက်နိုင်သော လုပ်ငန်းနယ်ပယ်များ၊ မှတ်ပုံတင်ကြေး သတ်မှတ်ချက်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိစ္စများ၊ ငွေကြေးစီးဆင်းမှုနှင့် စီမံခန့်ခွဲသုံးစွဲခြင်းများ၊ ထောက်ပံ့ခြင်းများ၊ ငွေကြေးဆိုင်ရာ ရှောင်ရန်ကိစ္စတို့အား Projector ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလို သည်များကို မေးမြန်းကြရာ ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်မှတ်ပုံတင်ရေး အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရေးရာများ၊ မြို့နယ် လ.ဝ.က ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ် ပြန်ဆက်ဦးစီးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)