ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ထောက်ပံငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ထောက်ပံငွေများပေးအပ်


MNP ၊ မတ်  ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ဆန်၊ ဆီ စားသောက်ကုန်များဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း(၀၂း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို ဘောလခဲခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးကအဖွင့်အမှာစကားပြောကြားရာတွင် မိမိခရိုင်အတွင်းလမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် ဝန်ထမ်းများစားဝတ်နေရေးသက်သာစေလိုသော ရည်ရွယ်ချက်ဖြင့် ငွေသားထုတ်ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိအကြီးအကဲများမှ မိမိအောက်ခြေဝန်ထမ်းများအား အမြန်ဆုံးပြန်လည်ထုတ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုမှခရိုင်တရားရုံး၊ ဥပဒေနှင့်စီမံကိန်းရှိဝန်ထမ်းများအတွက် လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမင်းဟန်မှ ခရိုင်အား/ကာ၊ ဆောက်လုပ်ရေးနှင့်လူမှုဝန်ထမ်းရုံးဝန်ထမ်းများအတွက်လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)