မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာရှိဘိုးဘွား(၁၄)ဦးအားတိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာရှိဘိုးဘွား(၁၄)ဦးအားတိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်




MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊တိုင်းရင်းဆေးခန်းမှူးမှ မာန်အောင်မြို့ ချမ်းမြေ့သစ္စာ ဓမ္မ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၁၄)ဦးအား ယနေ့ညနေ၃နာရီက တိုင်းရင်းဆေးဖြင့် ကျန်းမားရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။


   ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးက ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအားသွေးပေါင်ချိန်တိုင်းတာပေးခြင်း၊သွေးတိုး၊ဆီးချိုရှိသူများအားဆေးကုသပေးခြင်း၊ထုံနာ၊ကျဥ်နာ၊ဇက်ကြောတက်၊ညောင်းညာကိုက်ခဲသူ များအား လိမ်းဆေးနှင့်လိုအပ်သောဆေးဝါးများပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့သည်။


   မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာတွင်အဘိုး(၅)ဦး၊အဘွား(၉)ဦး စုစုပေါင်း(၁၄)ဦးရှိပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လစဥ်ပုံမှန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းဆေးမှူး ဦးမြင့်ဦးထံမှ သိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)