တောင်ကုတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ




MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၄)၊အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှအခမဲ့ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အများပြည်သူ အသိပညာဗဟုသုတများရရှိစေမည့် ဗိုလ်ချုပ်အောင်ဆန်း ပြော ကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ ၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ ၊ တပ်မတော် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပုံ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ ၊ ကဗျာ ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ ပါရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)