တောင်ကုတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်





MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ယနေ့နံနက်တွင် တောင်ကုတ်-သံတွဲ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်းသိရသည်။


ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များကသက္ကယ်ပြင်၊ညောင်ဖောက်၊ကမ်းဒေးရွာများရှိ ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ သီးထပ်၊သီးညှပ်စိုက်ပျိုးနိုင်ရန်အတွက်လျှိုပိတ် ဆည်တည်ဆောက်နိုင်မည့်မြေနေရာနှင့်ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်မည့်နေရာများကို တောင်သူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)