မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇) ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇) ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံ





MNP ၊ မတ်  ၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇)ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းသား/ သင်တန်းသူများ တွေ့ဆုံသြဝါဒခံယူခြင်းကို မတ်လ ၆ ရက် နေ့လယ်၂ နာရီက သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)သင်တန်းခန်းမ၌ ကျင်းပဆောင်ရွက်သည်။


တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုဆိုရင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)အား ၁၉၉၄ ခုနှစ်ဇူလိုင်လ ၁ ရက်နေ့မှစ၍ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း စတင်ဖွင့်လှစ်သင်ကြားခဲ့ရာမှာ အပါတ်စဉ်(၂၇)သို့ ရောက်ရှိပြီလို့ သိရကြောင်း၊ အပတ်စဉ်(၂၇)ပထမနှစ် သူနာပြု-သားဖွား(၃)နှစ်သင်တန်းတွင် တက်ရောက်နေသည့် သင် တန်းသား /သင်တန်းသူ(၈၃)ဦးမှာ သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားမှုစနစ်ကို (၂၀၁၈-၂၀၁၉) ပညာသင်နှစ်စ၍ သင်ကြားပေးခဲ့ကြောင်း၊ ၂၀၂၃ခုနှစ် ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ပထမနှစ်၊ သူနာပြု -သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူများကိုလည်း ပညာသင်နှစ်(၁)နှစ်လျှင် Semester (၃)ခုနှင့် Semester (၁)ခုလျှင် (၄)လကြာ ပညာသင်ကြားရမှာဖြစ်ပြီး Semester (၁) ခုကုန်ဆုံးပြီးတိုင်း Semester end test စစ်ဆေးမှာဖြစ်ပြီး(၃)နှစ်တာ ပညာသင်ကြားမှု အောင်မြင်မှ သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်ရရှိမှာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာ၌ ကျန်းမာရေးသည် အရေးကြီးသည့်ကဏ္ဍက ပါဝင်ကြောင်း၊ ပြည်သူအားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်လုပ် ငန်းများ ဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လူနာများအား အနီးကပ်ပြုစုစောင့်ရှောက်ရသူများဖြစ်သည့်အတွက် သူနာပြု-သားဖွား အတတ်ပညာများ ကျွမ်းကျင်သူများဖြစ်ရေး စာတွေ့၊ လက်တွေ့စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်လိုအပ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ သူနာပြု-သားဖွား သင်တန်းကျောင်း(၅၃)ကျောင်းဖွင့်လှစ်ပေးခဲ့ပြီး သူနာပြု-သားဖွား အတတ်ပညာရပ်များ၊ ဆေးပညာရပ်များကို သင်ကြားပေးနိုင်ပြီဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူ တစ်ဦးချင်းစီကို နိုင်ငံတော်မှ လစဉ်ပညာသင်ထောက်ပံ့ကြေး(၃၀၀၀၀/-)ကျပ်ကို သင်တန်းပြီးဆုံးသည် အထိ (၃)နှစ်တာ လုံး ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင့်မှတစ်ဆင့်လည်း ရှေ့ဆက်ကြိုးစားလို စိတ်ရှိသူများကို သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့ကို ပြည်ပမှာသာမက ပြည်တွင်းမှာပါ တက်ရောက်နိုင်အောင် ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ်မှာပင် မိမိတို့စိတ်ဝင်စားသည့် သူနာပြုစုခြင်း၊ သားဖွားခြင်းနှင့် ဆေးပညာဆိုင်ရာဘာသာရပ်များကို ထူးချွန်ပေါက်မြောက် ကျွမ်းကျင်အောင် ကြိုးစားသင်ယူရန်လိုအပ်ကြောင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးနိုင်သည့် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ရှားပါးလာခြင်းကို ကျော်လွှားနိုင်ရေး အရည်အသွေးပြည့်မီ ပြည့်စုံကောင်းမွန်သော ပြုစုစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်သာမက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ရန် အရေးကြီးသည့်အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် မိမိဒေသအတွင်းတည်ရှိနေသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မွေးထုတ်ပေးနေသည့် သူနာပြုနှင့် သားဖွား သင်တန်းသား/သင်တန်းသူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူနာများကို ပြုစု စောင့်ရှောက်ပေးရာတွင် နာ(၆)နာကို အရင်းခံပြီး ပြုံးရွှင်ကြည်လင်သော မျက်နှာ၊ ရင်မှလာ သောစေတနာ မေတ္တာ စိတ်၊ သန့်ရှင်းစင်ကြယ်သော စိတ်ထားကို အရင်းခံ၍ ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် မိမိ၏ စေတနာအတိုင်း တူညီသောအကျိုးကို ပြန်လည်ခံစားရမှာဖြစ်ကြောင်း၊ ပြည်သူကိုဗဟိုပြုသော ကျန်းမာရေးစနစ်ကို အောင်မြင်အောင်ဖော်ဆောင်ရေး သူနာပြု၊ သားဖွားများသည် အရေးကြီးသဖြင့် မိမိတို့ကိုယ်တိုင်လည်း အရည်အသွေးပြည့်မီရေး၊ ကိုယ်ရည် ကိုယ်သွေးထက်မြက်ထူးချွန်ရေး၊ လူမှုဝန်းကျင်တွင် ပြေလည်ညီညွတ်မျှတစွာ နေထိုင်နိုင် ရေးတို့ကို သင်ယူလေ့ကျင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့မှာရှိသည့် သူနာပြု-သားဖွားကျင့် ဝတ်များကို လိုက်နာစောင့်ပြီး စည်းကမ်းအတိုင်း ပြုမူနေထိုင် ကြရန်လိုအပ်ကြောင်း၊ ပထမနှစ် ကတည်းက အများတကာထက် သာလွန်ကောင်းမွန်သည့် စိတ်ဓာတ်ကောင်းများ ပိုင်ဆိုင်နိုင် စေရန်နှင့် ထူးချွန်ထက်မြက်သည့် သူနာပြုဆရာ၊ ဆရာမကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့လာကြိုးစားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ဒေသခံပြည်သူများ၏ ရင်သွေးများဖြစ်သော မျိုးဆက်သစ်လူငယ်များကို အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာရပ်ဖြစ်သည့် သူနာပြုနှင့်သားဖွားအတတ်ပညာများ တတ်မြောက်စေ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်ကြောင်း၊ ပြည်သူလူထုက အားထားရသည့် အရည်အသွေးပြည့်ဝသည့်  သူနာပြု-သားဖွားကောင်းများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အထောက်အပံဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုအဆင့် အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် အားဖြည့်နိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက အမှာစကားပြောကြားကာ၊ မကွေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်(စီမံ)မှ သင်တန်း ကျောင်း၏ သမိုင်းကြောင်း၊ စီမံရေးရာကိစ္စများနှင့် ကျောင်းအုပ်(သင်ကြား)မှ သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်း သင်ရိုးညွှန်းတမ်းအသစ်တို့အား ရှင်းလင်းတင်ပြခဲ့ကြပြီး၊ အပတ်စဉ် (၂၇) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများမှ မြို့နယ် အလိုက် ဂါရဝပြုမိတ်ဆက်ခြင်း ဆောင်ရွက်ခဲ့ကြသည်။


ယင်းနောက် သူနာပြုသင်တန်းကျောင်း(မကွေး) သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများမှ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေကာ၊ ကပြဖျော်ဖြေတင်ဆက်ခဲ့သည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)