လေးမျက်နှာမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ် စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ် စတင်ဖြေဆို


MNP ၊ မတ်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲများ ယနေ့ဖြေဆိုလျက်ရှိပြီး ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။


လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန(၆)ခုရှိပြီး အ.ထ.က-လေးမျက်နှာ စာစစ်ဌာနတွင် စာရင်းရှိ ၉၄ဦး၊ ဖြေဆို ၈၆ဦးနှင့် ပျက်ကွက် ၈ဦးရှိကြောင်း၊ အ.ထ.က-အိုင်သပြု စာစစ်ဌာနတွင် စာရင်းရှိ ၁၃၁ဦး၊ ဖြေဆို ၁၁၇ဦးနှင့် ပျက်ကွက် ၁၄ဦးရှိကြောင်း၊ အ.ထ.က-ခမောက်စု စာစစ်ဌာနတွင် စာရင်းရှိ ၅၁ဦး၊ ဖြေဆို ၄၃ဦးနှင့် ပျက်ကွက် ၈ဦးရှိကြောင်း၊ အ.ထ.က-မဲဇလီ စာစစ်ဌာနတွင် စာရင်းရှိ ၃၅ဦး၊ ဖြေဆို ၃၃ဦးနှင့် ပျက်ကွက် ၂ဦးရှိကြောင်း၊ အ.ထ.က-ပန်းတောကြီး စာစစ်ဌာနတွင် စာရင်းရှိ ၅၉ဦး၊ ဖြေဆို ၅၇ဦးနှင့် ပျက်ကွက် ၂ဦးရှိကြောင်း၊ အ.ထ.က-လှော်ကထား စာစစ်ဌာနတွင် စာရင်းရှိ ၉၁ဦး၊ ဖြေဆို ၇၉ဦးနှင့် ပျက်ကွက် ၁၂ဦးရှိကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် စာရင်းရှိ ၄၆၁ဦး၊ ဖြေဆို ၄၁၅ဦးနှင့် ပျက်ကွက် ၄၆ဦး ရှိပြီး (၉၀.၀၂)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် မြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်တို့မှ စာစစ်ဌာနများသို့ လုံခြုံရေးနှင့် ကျန်းမာရေးအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။


ကျော်ဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment