ခန္တီးမြို့တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိ


MNP ၊ မတ်  ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာ ယာစွာ ဖြေဆိုလျက်ရှိပြီး ခန္တီးမြို့တွင် အ.ထ.က(ခန္တီး) စာစစ်ဌာနတစ်ခုတည်းရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစာရင်းရှိ (၃၂၅)ဦး၊ ဖြေဆိုသူ(၂၉၃)ဦး၊ ပျက်ကွက်(၃၂)ဦး ဖြစ်ကြောင်းသိရသည်။


အဆိုပါစာစစ်ဌာတွင်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ ဘေးကင်းလုံခြုံစွာနှင့် စိတ်အေးချမ်းသာယာစွာဖြေဆိုနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် အပြင်စည်းလုံခြုံမှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တပ်မတော်သား တပ်ဖွဲ့ဝင်များကပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာမေးပွဲဖြဆိုမည့် ကျောင်းသား/ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)