Pages

Pages

တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပ




MNP ၊ မတ်  ၂၁

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အရင်းမူလဖြစ်သည့် ပရိယတ္တိ သာသနာတော် ထွန်းကားပြန့်ပွားစေရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့တွင် ၂၀၂၃-ခုနှစ် မတ်လ(၂၁)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ နေ့စဉ် မွန်းတည့် (၁၂:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)ကို မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်အပါး(၁၉၀)ပါး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)ကို တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်အပါး(၄၂၆)ပါး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး သံဃာတော်အပါး(၁၉၀) ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေ ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေး အဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင် များနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment