Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဌိပထမပြန်စာမေးပွဲ (ပထမနေ့) ကျင်းပ




MNP ၊ မတ်  ၂၁

       ကျိုက်ထိုမြို့ယ်တွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနမှ ပြုလုပ်သော အစိုးရ ဓမ္မာစရိယနှင့် ပါဌိပထမပြန်စာမေးပွဲကို မတ်(၂၁)ရက်နေ့လည်ပိုင်းတွင်  မြို့နယ်သာသနာ့ဗိမ္မာန်‌၌ ကျင်းပပြုလုပ်ခဲ့သည်။


    အဆိုပါ စာမေးပွဲတွင် ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ မဟာမရမ်းချိုကျောင်းတိုက် ဆရာတော် ဘဒ္ဓန္တ အာစာရ (နိုင်ငံတော်သံဃမဟာနယက အဖွဲ့)နှင့် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်၊ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘန္ဓန္တ ပညာသာမိ (မြို့နယ်သံဃနာယက ဉက္ကဌဆရာတော်) နှင့်ဆရာတော် (၁၀)ပါးတို့မှ ကြီးကြပ်၍ စာဖြေရန်စာရင်း‌ပေး သံဃာ (၂၂)ပါး အနက် ဖြေဆိုသံဃာ (၁၈)ပါး၊ ပျက်ကွက် ၄ ပါး  တို့မှ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(ပ)တွဲအား ဖြေဆိုခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment