ရသေ့တောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည် ဆော်သြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည် ဆော်သြ



MNP ၊ မတ်   ၈

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် မိဘပြည်သူများသိရှိရမည့် အကြောင်းအရာများအား   ယနေ့ ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက   မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆော်သြခဲ့ကြကြောင်း သိရသည်။


ထို့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်ဆော်သြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရသေ့တောင်မြို့ပေါ်ရပ်ကွက်များအား မီးဘေးလုံခြုံရေးအတွက် မီးသတိပေးဆော်သြခြင်းကို တပ်ကြပ်ကြီး အောင်ဆွေဦးနှင့်တပ်ဖွဲ့ဝင်များက  ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ် ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့်မော်တော်ယာဉ်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ စသောနေရာများ၌ မီးဘေးကြိုတင်ကာကွယ်ရန်အတွက် ထားရှိရန်လိုအပ်သော  မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး ၊မီးသတ်လှေကားနှင့်မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း ၊မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား အများပြည်သူ့များ သိရှိနိုင်ရေးအသိပေးလှည့်လည်ဆော်သြခဲ့ကြကြောင်း သိရှိရသည်။ 


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment