MNP ၊ မတ် ၁၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စာစစ်ဌာန(၄)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ ပထဝီဘာသာတွဲအား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး၊ ယနေ့၊ ပထဝီဘာသာတွဲအား အထက(ပုဏ္ဏားကျွန်း) စာစစ်ဌာနတွင် စာရင်းရှိ ၄၅၈ ဦး၊ ဖြေဆိုသူ ၄၀၅ ဦး၊ အထက(ခွဲ)-မြိုမတွင် စာရင်းရှိ ၂၆၇ ဦး၊ ဖြေဆိုသူ ၂၃၇ ဦး၊ မူ(လွန်)-ရွာဟောင်းတွင် စာရင်းရှိ ၁၁၀ ဦး၊ ဖြေဆိုသူ ၁၀၄ ဦး၊ မူ(လွန်)-စံပြ(၂)တွင် စာရင်းရှိ ၁၃၁ ဦး၊ ဖြေဆိုသူ ၁၂၀ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၈၆၆ ဦး၊ ဖြေဆိုပျက်ကွက်သူ ၁၀၀ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment