Pages

Pages

ဟုမ္မလင်း၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး လျက်ရှိ


MNP ၊ မတ်  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ၂၁ -၃-၂၀၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ဟုမ္မလင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများတွင် မြို့ပြပင်စင် (၆၆၄)ဦး၊ ကာကွယ်‌ရေးပင်စင် (၄၃၈)ဦး၊ နိုင်ငံရေးပင်စင် (၁၆၀)ဦး စုစုပေါင်း (၁၂၆၂)ဦးရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း၊ လစဉ်ပင်စင်ထုတ်ယူသူများအတွက် လစဉ် ၂၁ ရက်နေ့မှ လကုန်ရက်နေ့အထိ ထုတ်ပေးလျက်ရှိကြောင်းနှင့် လပေါင်း၍ ပင်စင်ထုတ်ယူသူများအတွက် အစိုးရရုံးဖွင့်ရက်နေ့တိုင်း ထုတ်ပေးလျက်ရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးအောင်သန့်ဇင်ထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment