Pages

Pages

ဝါးခယ်မမြို့နယ်၌ နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲ ကျင်းပ



MNP ၊ မတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိအားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ နွေရာသီအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ဘော်လီဘော၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ် စသည့် အားကစားနည်းများကို သင်ကြားပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၈၂ ဦး လာ‌ရောက် သင်ကြားလျက်ရှိကြောင်း၊ အားကစားနည်းများမှ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများကို ရွေးချယ်၍ ဆုများချီးမြှင့်ခဲ့‌ကြောင်းနှင့် အားကစားလှုပ်ရှားမှုများတွင် ပြည်သူတစ်ရပ်လုံး စိတ်ပါဝင်စားမှုများ ရှိစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးထံမှ သိရသည်။


ဟိန်းထက်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment