MNP ၊ မတ် ၂၁
မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ပေါင်မြို့နယ် အခြေခံ ပညာ အထက်တန်း ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပေါင်မြို့နယ် ပညာ ရေးမှူးဒေါ်စန်းစန်းအေး ကအဖွင့်အမှာ စကား ပြောကြားသည်။
အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုစွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် ဆရာ/ဆရာမများ အရည်အချင်း ပိုမိုပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ပေါင်မြို့နယ်မှ အလယ်တန်းအဆင့် ဆရာ၊ဆရာမ(၄၄၀)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၁၄)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက်(၄)ရက်ကြာသင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment