မြစ်သားမြို့ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ



MNP   -  မတ်၁

မန္တလေးတိုင်းဒေသကြီး  ၊ ကျောက်ဆည်ခရိုင် ၊  မြစ်သားမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ မြစ်သား မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်သန်းသန်းစိုးက ကလေးသူငယ်အခွင့်ရေး များဆိုင်ရာ (၂၀၁၉)ဥပဒေပါ ကလေးသူငယ်အခွင့်ရေး(၄)မျိုးကိုရည်ရွယ်၍ ကလေးသူငယ်၏အကောင်းဆုံးအကျိုး စီးပွားရေးဆိုင်ရာ၊ ကလေး သူငယ်တိုင်းရရှိခံစားနိုင်တဲ့အခွင့်ရေးများ၊ ကလေးသူငယ်များရဲ့ မွေးရာပါအခွင့်ရေးများ၊ ပညာရေး ၊ ကျန်းမာရေးဆိုင်ရာအခွင့်ရေးများ ၊ ကလေး  သူငယ်များ အနစ်နာဆုံးရှုံးမှုနှင့်ပတ်သက်ပြီး  ဆောင်ရွက်သင့်တဲ့အချက်များ မသန်စွမ်းကလေးငယ်များ ရရှိနိုင်သောအခွင့်ရေးများ အကြောင်းကို ဟောပြောခဲ့ရာထို့နောက်မြို့မရဲစခန်းမှ စခန်းမှူးဦးဇော်ဝမ်းက ကလေးအလုပ်သမားပပျောက်ရေးနှင့် အားလုံးလက်တွဲစောက်ရှောက်ရေး၊ ဆင်းရဲမွဲတေမှုလျော့ချရေး၊ ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာများအကြောင်း ရှင်းလင်း၍ ဟောပြောခဲ့သည်။


ဆက်လက်၍ ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မူလတန်းကြိုကျောင်းမှ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)