MNP ၊ မတ် ၂၁
မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကို မတ် ၂၁ရက် နံနက် ၉ နာရီ တွင်အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုခရိုင် ပညာ ရေးမှူး ဦးခိုင်ထွန်း ကအဖွင့်အမှာ စကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်လှိုင် ကသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျိုက်ထိုမြို့နယ်နှင့်ဘီးလင်းမြို့နယ်မှ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ဆရာ၊ဆရာမ(၅၉၇)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၂၅)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက် (၄)ရက်ကြာ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်းခရိုင်ပညာရေးမှူးရုံးမှသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment