Pages

Pages

မွန်ပြည်နယ် ကျိုက်ထိုခရိုင် တွင်အခြေခံ ပညာအထက်တန်း/အလယ်တန်း အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ




MNP ၊ မတ်  ၂၁

     မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကို မတ် ၂၁ရက် နံနက် ၉ နာရီ တွင်အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။


  အခမ်းအနားတွင် ကျိုက်ထိုခရိုင် ပညာ ရေးမှူး ဦးခိုင်ထွန်း ကအဖွင့်အမှာ စကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်လှိုင် ကသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။


     အဆိုပါသင်တန်းသို့ ကျိုက်ထိုမြို့နယ်နှင့်ဘီးလင်းမြို့နယ်မှ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ဆရာ၊ဆရာမ(၅၉၇)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၂၅)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက် (၄)ရက်ကြာ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်းခရိုင်ပညာရေးမှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment