MNP - မတ် ၃
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကိုအထက(၁)ကျောင်
အုပ်ကြီး ဦးမောင်စံသိန်း မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်သန်း မြို့နယ်သစ်တောတာဝန်ခံ ဦးခိုင်သန်း တို့နှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်တပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့နယ် တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အထက(၁)ကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်၊ မီးလန့်မှု များ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment