Pages

Pages

ရသေ့တောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး





MNP   -   မတ်   ၃

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါစစ်ဆေးခြင်းကိုအထက(၁)ကျောင်

အုပ်ကြီး  ဦးမောင်စံသိန်း မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်သန်း  မြို့နယ်သစ်တောတာဝန်ခံ ဦးခိုင်သန်း တို့နှင့်ပူးပေါင်းပြီး  မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်တပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့နယ် တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အထက(၁)ကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်၊ မီးလန့်မှု များ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment