MNP - မတ် ၃
ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၌၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများဖြစ် သည့် အ.ထ.က(၁)၊ အ.ထ.က(၂) ၊ အ.ထ.က (၃)နှင့်အ.ထ. က တပ်တောင် ကျောင်းများ၌ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန်မတ်လ(၃)ရက်နေ့ နေ့လည်အချိန်တွင် မီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအ ခြေ အနေများအားစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သန်းဌေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ဌာနဆိုင် ရာများက တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန် ကျောင်းဝင်းအတွင်း မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေကန်များဆောင် ရွက်ထားရှိမှုအခြေအနေနှင့် စာသင်ဆောင်အတွင်း / အပြင်တွင် လျှပ်စစ်မီးများသွယ်တန်းထားရှိမှုခြေအနေများကြည့်ရှုပြီး ကျောင်းပတ်ဝန်းကျင်တွင် မီးလောင်လွယ်သောချုံနွယ်၊ အမှိုက်သ ရိုက်များအား စနစ်တကျသန့်ရှင်းရေးပြုလုပ်ထားကြရန်နှင့် မီးသတ် ဆေးဘူးအသုံးပြုပုံများအားရှင်းလင်းပြသပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment