Pages

Pages

မာန်အောင်မြို့၌ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိ





MNP  -    မတ်၃

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားကစားသင်တန်းများကို  ၂၀၂၃ ခုနှစ် ၊ မတ်လ ၃ရက်နေ့ မှစတင်၍ ၁၉ ရက်နေ့ထိ နေ့စဥ် ညနေ၃နာရီခွဲမှ၅နာရီထိ မြို့မ အားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည်။


အဆိုပါ နွေရာသီအားကစားသင်တန်းများကို မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍  အားကစားနည်း ၅မျိုးဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ  ဘောလုံး ၊ ဘော်လီဘော ၊ ပိုက် ကျော် ခြင်း ၊ ကရာတေးဒို ၊ ပြေးခုန်ပစ်၊  စသည့် အားကစားနည်းများကို အားကစားနည်းပြဆရာများက ကျောင်းသား/သူ ၁၂၀ဦးအားသင်ကြားပို့ချပေးလျက်ရှိကြောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်အားကစားမှူး ဦးကိုကိုထွေးထံမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost





No comments:

Post a Comment