Pages

Pages

တောင်ကုတ်မြို့နယ်မီးသတ်ဦးစီးဌာန မှ မြို့ပေါ်ရှိ စာစစ်ဌာန(၂)ခုတွင် မီးဘေးလုံခြုံရေးစစ်ဆေး





MNP  -   မတ် ၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် မြို့ပေါ်ရှိစာစစ်ဌာန(၂)ခုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စစ်ဆေးခဲ့ကြောင်းသိရသည်။


တောင်ကုတ်မြို့ပေါ်တွင် စာစစ်ဌာနများဖြစ်သည့် အထက(၁) နှင့် အထက(၄) ဂူတာ တို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား(၃၁၉)ဦး၊ကျောင်းသူ(၄၀၉)ဦး စုစုပေါင်း(၇၂၈)ဦးတို့ ဝင်ရောက် ဖြေဆို ကြမည်ဖြစ်ရာ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဆွေလင်းမောင် နှင့်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးများ လေပေါင်ချိန်ပြည့်မပြည့်နှင့်အသုံးပြုရန်            သင့် မသင့် စစ်ဆေးခြင်း ၊ မီးချိတ် ၊ မီးကပ်၊ သဲအိတ်များထားရှိမှုနှင့်ရေသိုလှောင်ထားရှိမှုစစ်ဆေးခြင်းများ ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။


တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာန(၅)ခုရှိရာ တောင်ကုတ်မြို့ပေါ်တွင်(၂)ခု ၊ တန်းလွဲရွာမမြို့တွင် (၁)ခု၊လမူးမော်ရွာတွင်(၁)ခု နှင့် မအီမြို့တွင်(၁)ခု တို့ဖြစ်ပြီး သက်ဆိုင်ရာစာစစ်ဌာနများအလိုက် မီးဘေး အန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်ဦးစီးဌာန မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာန မှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment